Tuesday, August 11, 2015

ရေဘေးကယ်ဆယ်ရေး(ကွင်းကောက်မဘသ)

   အင်္ဂပူမြို့နယ်အတွင်းရေဘေးကျရောက်ရာ ဒေသများဖြစ်ကြသော အင်္ဂပူမြို့နယ်တောင်ဖက်
ခြမ်း/အင်္ဂပူမြို့နယ်အရှေ့ဖက်ခြမ်း/၄င်းအုပ်စုများ၌ကျေးရွာအသီးသီးတို့တွင် သဘာဝဘေး
အန္တရာယ်ဖြစ်သော ရေဘေးအန္တရာယ်ကို ခါးစီး
စွာကြုံတွေ့နေရပါသည်။
   သို့ဖြစ်ပါသောကြောင့် ကွင်းကောက်မဘသ ဆရာတော်များဦးဆောင်လျက် ဝံသာနုရက္ခိတ
ဒါယကာများ/ဂရုဏာအလင်းတန်းများ လူမှုကူညီရေးအသင်းများ(ကွင်းကောက်)/ရိုးမမေတ္တာရိပ်ပရဟိတအသင်းမှ ဒါယိကာ ဒါယိ
ကာမများ တို့သည် ရေဘေးကျရောက်ရာ ကျေးရွာအုပ်စုများသို့ ခက်ခဲပင်ပန်းစွာ ရေဘေး
ကယ်ဆယ်ရေးများကို ပြုလုပ်ဆောင်ရွက်နေကြ
ပါသည်။
   သို့ဖြစ်၍ စေတနာရှင်များ ပရဟိတအဖွဲ့
အစည်းများ တို့အား ရေဘေးတွေ့ကျေးရွာအုပ်စု
များသို့ ထိထိရောက်ရောက် ကူညီနိုင်ကြစေရန်
အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းလိုက်ရပါ သတည်း...။

ကွင်းကောက်တိုက်နယ်ဒေသလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
(မဘသ)အဖွဲ့
ဓမ္မဒူတ နိဗ္ဗိန္ဒတောရ ကျောင်းတိုက်
ကွင်းကောက်ဒေသ
အင်္ဂပူမြို့နယ်
ဧရာဝတီတိုင်းဒေသကြီး
ph:09264046409/0931153179

No comments:

Post a Comment